ပွင့်ဖြူမြို့နယ် စံပြကျေးရွာ၌ နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

ပွင့်ဖြူ ဒီဇင်ဘာ 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေဖြင့် ပွင့်ဖြူမြို့နယ် စံပြကျေးရွာရှိ ဒေသခံပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ကျေးရွာတွင်းမြေသားလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ယင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းမှာ ဒီဇင်ဘာ ရက်နေ့က ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ 

အဆိုပါ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ လုပ်ငန်းအရည်အသွေး ပြည့်မီမှု ရှိ/မရှိ ယနေ့နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် အင်ဂျင်နီယာဝန်ထမ်းများက ကျေးရွာတွင်း လမ်းဖြစ်မြောက်ရေး ကော်မတီဝင်များနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ကျေးရွာတာဝန်ရှိသူများ၊ ကျေးရွာလမ်းကော်မတီဝင်များနှင့်တွေ့ဆုံကာ ဆောင်ရွက်ပြီးစီးသည့် ကျေးရွာတွင်း ကွန်ကရစ်လမ်းအား ရေရှည်တည်တံ့ကောင်းမွန်အောင် ဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်းသွားကြရန် ဆွေးနွေးမှာကြားသည်။

ပွင့်ဖြူမြို့နယ် စံပြကျေးရွာ၌ ကျေးရွာတွင်းမြေသားလမ်းအရှည်ပေ ၆၀၀ အား လမ်းအကျယ် ၁  ပေ၊ လမ်း အမြင့်ထု ၆ လက်မရှိ  ကွန်ကရစ်လမ်းအဆင့်မြှင့်တင် ဆောင်ရွက်ခြင်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေကျပ် ၁၇ သန်းဖြင့်  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာဝန်ထမ်းများ၏ နည်းပညာပံ့ပိုးကူညီမှုဖြင့် ကျေးရွာနေပြည်သူလူထုကိုယ်တိုင် အောက်တိုဘာ ၂၆ ရက်နေ့က စတင်၍ တာဝန်ယူဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၃ ရက်နေ့တွင် အောင်မြင်စွာ လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။

ယခုအခါ ပွင့်ဖြူမြို့နယ် စံပြကျေးရွာရှိ ကျေးရွာတွင်း မြေသားလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍  ကျေးရွာနေပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာအသုံးပြုနိုင်မည့်အပြင် ဒေသထွက်ကုန်သီးနှံများကိုလည်း ဈေးကွက်သို့ အဆင်ပြေချောမွေ့စွာဖြင့် တင်ပို့ရောင်းချသွားနိုင်မည်ဖြစ်၍ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးအတွက် များစွာအကျိုးပြုပေးနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောပြ၍ သိရသည်။  

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )