ရွှေကျင်မြို့တွင် သဘာဝဘေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်

ရွှေကျင် ဒီဇင်ဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ရှမ်းကြေးရပ်ကွက် အခြေခံပညာအထက်တန်း (တပ်နယ်) ကျောင်း၊ ပညာအလင်း‌ရောင်ခန်းမတွင် ယနေ့နံနက် (၉) နာရီခွဲ အချိန်မှစ၍ သဘာဝဘေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် အခြေခံပညာအထက်တန်း (တပ်နယ်)ကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်သန်းသန်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရွှေကျင်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးနိုင်လင်း‌အောင်က ရေးဘေး၊ မီးဘေး၊ လေဘေး စသည့်သဘာဝဘေးဖြစ်ပေါ်လာပါက ဆောင်ရန်အချက်များနှင့် ရှောင်ရန်အချက်များကို  အကျယ်တဝင့် ဟောပြောဆွေးနွေပေးခဲ့ပြီး တက်ရောက်လာ‌သော ကျောင်းသား၊ ကျောင်းသူများ၏ သိလိုသည့်မေးမြန်းချက်များကိုလည်း အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဇော် (ပြန်/ဆက်)