ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၆
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ ပုံပြင်ပြောပြခြင်းကို ယနေ့နေ့လယ် ၁ နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ကလေးစာဖတ်ခန်းတွင် ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစည်သူလွင်က ကလေးများအား အိမ်စျေးစာအုပ်ထဲမှ အကြောင်းအရာများကို ပုံပြင်ပြောပြခဲ့ကြောင်းသိရသည်။
ဆက်လက်ပြီး ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များအတွက် အသိပညာဗဟုသုတများရရှိစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စိတ်အပန်း ပြေပျော်ရွှင်စေရန် ရည်ရွယ်၍ Online မှ တစ်ဆင့် သုတ၊ ရသစာအုပ်စာစောင်မိတ်ဆက်ခြင်းအစီအစဉ်၊ ဖတ်ညွှန်းအစီအစဉ်၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်းအစီအစဉ်များကို ရိုက်ကူး၍ ဆင်ပေါင်ဝဲမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page မှ တစ်ဆင့် နေ့စဉ်ထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)