မြန်အောင်မြို့နယ်အဆင့် ၂၀၂၃ ခုနှစ် လူရည်ချွန် ရွေးချယ်ရေးစာမေးပွဲ ကျင်းပ

မြန်အောင် ဒီဇင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ မြန်မာစာနှင့် အင်္ဂလိပ်စာ ဘာသာရပ်များဖြေဆိုခြင်းကို ယမန်နေ့နံနက်နှင့်နေ့လည်ပိုင်းက အ.ထ.က (၂) နေခြည်ကျောင်း၌ ကျင်းပပြုလုပ်သည်။

မြို့နယ်အဆင့်လူရည်ချွန်စာမေးပွဲကို အခြေခံပညာအထက်တန်းဆင့်နှင့် အလယ်တန်းဆင့် ကျောင်းများမှ (Grade-9) တန်းမှ (Grade-12) တန်းထိ ကျောင်းသား/သူ (၆၆) ဦးတို့ ဝင်ရောက်ဖြေဆိုခဲ့ကြပြီး၊ ဒီဇင်ဘာ (၆) ရက်နေ့တွင် လူတွေ့နှုတ်ဖြေဆိုခြင်းနှင့် အထွေထွေဗဟုသုတဘာသာရပ် များဖြေဆိုကြရမှာဖြစ်ကြောင်း၊ ဒီဇင်ဘာလ (၈) ရက်နေ့တွင် ကိုယ်ကာယကြံ့ခိုင်မှုအားကစားနည်း (၅) မျိုးကို လက်တွေ့ပြုလုပ်ဖြေဆိုရမှာဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)