သာယာဝတီ ဒီဇင်ဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းတို့ကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စန္ဒာမိုးကကျင်းပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် အမျိုးသားနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အမျိုးသားရေးစိတ်ဓာတ်မြင့်မားရေးတို့ကို ဆွေးနွေးဟောပြောရာ အခြေခံပညာအထက်တန်းကျောင်း(၆)ကျောင်းမှ အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူတို့က သိလိုသည်တို့ကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ အခြေခံပညာအထက်တန်းကျောင်း(၆)ကျောင်းမှ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမျိုးသားအောင်ပွဲနေ့နှင့်ပတ်သက်သည့် သိမှတ်ဖွယ်ရာနံရံကပ်စာစောင်များ ဓာတ်ပုံများကိုခင်းကျင်းပြသခြင်း၊ စာအုပ်စာစောင်များပြသခြင်း၊ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဝေငှပေးခြင်းတို့ကို ပြုလုပ်ပေးခဲ့ကြရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာဖြင့် ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)