သံတွဲမြို့၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဟောပြောပွဲကျင်းပ

သံတွဲ  ဒီဇင်ဘာ  ၆

သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ကျင်းပပြုလုပ်သည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဟောပြောပွဲကို ယမန်နေ့နေ့လယ် ၁၂ နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က ဟောပြောပွဲကျင်းပရခြင်းရည်ရွယ်ချက်နှင့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များကိုရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ Book Club(စာပေချစ်မြတ်နိုးသူများအဖွဲ့)နာယက ပြန်/ဆက်ဦးစီးအရာရှိ(ငြိမ်း) ဦးမြင့်စိုး(မြင့်စိုးကြည် (သံတွဲ)နှင့် အလယ်တန်းကျောင်းအုပ် ဆရာကြီး (ငြိမ်း)အောင်(သံတွဲ)တို့က အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများကို အသိပညာပေး ဟောပြောခဲ့ကြသည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့သည်။

ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက (၁၀၃)နှစ် မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ် သတင်းစကား လက်ကမ်း စာစောင်များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။ ထို့နောက်ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်နှင့် စာအုပ်၊စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြသည်။

ခရိုင်(ပြန်/ဆက်)