နတ်မောက်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်

နတ်မောက် ဒီဇင်ဘာ ၆

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ()နာရီအချိန်ခန့်က မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်မော်တော်ယာဉ်ဖြင့် မြို့ပေါ်(၇) ရပ်ကွက်သို့ လိုက်လံနှိုးဆော်ခဲ့ကြသည်။

အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ၏ ကြီးကြပ်လမ်းညွန်မှုဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဒုတိယဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက ယခုအချိန်အခါသည် ပူးပြင်းခြောက်သွေ့သော ရာသီရောက်ရှိလာပြီး မြို့နယ်အတွင်းရှိ နိုင်ငံတော်ပိုင်စက်ရုံ၊ အလုပ်ရုံများ၊ ရုံးအဆောက်အဦ၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့်  မိဘလုပ်သားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာများကို မီးဘေးအန္တရာယ်ဆိုးကြီးမှ ကြိုတင်ကာကွယ်နိုင်ရန် မီးဘေးကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အမိန့်နှင့် ညွှန်ကြားချက်များကို မြို့အတွင်းသို့ လိုက်လံနှိုးဆော်ခဲ့ကြရာ လိုက်နာဆောင်ရွက်ခြင်းမရှိပါက  တည်ဆဲဥပဒေများအရလည်းကောင်း၊ ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဥပဒေပုဒ်မ(၃၄)အရ လည်းကောင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

မူမူစန်း