ချောက် ဒီဇင်ဘာ ၆
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် ကလေးငယ်များ၊ ကျောင်းသား/ ကျောင်းသူများအား ကာယ၊ ဉာဏစွမ်းရည်များတိုးတက်စေရန် ရည်ရွယ်၍ မူလတန်းအဆင့်ကဗျာရွတ်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက နေ့ထူးနေ့မြတ်များအကြောင်း ဗဟုသုတရရှိစေရန်နှင့် ယခုလိုပြိုင်ပွဲများပြုလုပ်ပေးခြင်းဖြင့် ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးများ ပိုမိုထက်မြက်လာမည်ဖြစ်ကြောင်း၊ လူရှေ့သူရှေ့တွင် ပြောရဲဆိုရဲလာမည်ဖြစ်ကာ အသိအမြင် ပိုမိုကျယ်ပြန့်လာမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲများ ဆက်လက်ကျင်းပခဲ့ရာ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ(၁၀)ဦး၊ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသား/ ကျောင်းသူ(၁၂)ဦး စုစုပေါင်း(၂၂)ဦးတို့က ပြိုင်ပွဲများကိုခေါင်းစဉ်အလိုက်ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီးပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများ အားအမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)