မြို့သစ် ဒီဇင်ဘာ ၆
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့်၊ နံရံကပ်ဓာတ်ပုံ၊ စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် (၁ဝ)နာရီက မြို့သစ်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်က ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် စာပေလေ့လာဖတ်ရှုရန်လိုအပ်ကြောင်း၊ တိုးတက်လာသော ခေတ်စနစ်နှင့်အညီ အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်စေရန် လေ့လာသိရှိထားသင့်သည့် အကြောင်းအရာများကို လေ့လာမှတ်သားကြရန် စသည်တို့ကို ကျောင်းသား၊ ကျောင်းသူများအား ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေးစာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့သည်။
ထို့နောက် ကျောင်းသား/ ကျောင်းသူများက ၎င်းတို့ဖတ်ရှုလိုသည့် စာအုပ်များကို စာကြည့်တိုက်မှူးထံမှ စာငှားမှတ်တမ်းပြုစုကာ ငှားရမ်းခဲ့ကြကြောင်း သိရသည်။
သန်းဝင်းထွန်း(မြို့သစ်)