ကန့်ဘလူ ဒီဇင်ဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ ပူးပေါင်းပြီး (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီက အ.ထ.က(ခွဲ)ညောင်အိုင် ဒေါက်တာဉာဏဝရခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် အ.ထ.က(ခွဲ)ညောင်အိုင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ညွန့်ညွန့်ဝင်းက အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က အမျိုးသားအောင်ပွဲနေ့သည် ထူးခြားသည့် နေ့ထူးနေ့မြတ်ဖြစ်ကြောင်း၊ အမျိုးသားစိတ်ဓာတ်အကြောင်း၊ မြန်မာတို့ နယ်ချဲ့လက်အောက် ဖိနှိပ်ခံခဲ့ရပုံများ၊ ကျောင်းသားကြီး (၁၁)ဦးနှင့် ကျောင်းသားများ၏ ကြိုးပမ်းမှု၊ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံနှင့် အကျိုးကျေးဇူးများ၊ အမျိုးသားစိတ်ဓာတ်ရှိရန် အရေးကြီးပုံ၊ ထိန်းသိမ်းစောင့်ရှောက်ဖို့လိုကြောင်းနှင့် အမျိုးသားအောင်ပွဲနေ့အကြောင်း တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များ၊ သုတရသ စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)