ချောင်းဆုံမြို့နယ်အတွင်းရှိ ဆောင်းသီးနှံလျာထားချက်ပြည့်မီကျော်လွန်ရေးနှင့် ထွန်ယက်စိုက်ပျိုးထားမှု အခြေအနေအား တာဝန်ရှိသူမှ ကွင်းဆင်းကြည့်ရှု

ချောင်းဆုံ ဒီဇင်ဘာ ၆

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် စားနပ်ရိက္ခာဖူလုံရေးရှေးရှုပြီး စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်းသီးနှံနေကြာနှင့် ပဲမျိုးစုံလျာထားချက်ပြည့်မီကျော်လွန်စွာ စိုက်ပျိုးနိုင်ရေးနှင် ထွန်ယက်စိုက်ပျိုးထားပြီးစီးမှုအခြေအနေအား ယမန်နေ့က မော်လမြိုင်ခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့နှင့် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့တို့က (တောင်စွန်း၊ ဘိုးနက်၊ ဒေါင်းရပ်အရှေ့)ကျေးရွာတို့တွင် ကွင်းဆင်းကြည့်ရှုခဲ့သည်။

အဆိုပါအဖွဲ့တို့သည် တောင်စွန်းကျေးရွာနှင့်ဘိုးနက်ကျေးရွာတို့တွင် ဆောင်းသီးနှံနေကြာစိုက်ပျိုးထားရှိမှုနှင့် မြေပြင်ထွန်ယက်ထားရှိမှုအခြေအနေအားလည်းကောင်း၊ ဒေါင်းရပ်အရှေ့ကျေးရွာတွင် ပဲမျိုးစုံစိုက်ပျိုးထားရှိမှုနှင့် မြေပြင်ထွန်ယက်ထားရှိမှုအခြေအနေအားလည်းကောင်း တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုခဲ့ပြီး စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း ချောင်းဆုံမြို့နယ်တွင်(၂၀၂၃-၂၀၂၄)ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးလျာထားမှုမှာ ဆီထွက်သီးနှံများဖြစ်သည့် နေကြာ(၃၁၇၀)ဧက၊ မြေပဲ(၉၅)ဧက၊ နှမ်း(၁၁)ဧက၊ ပဲမျိုးစုံ(မတ်ပဲ၊ ပဲတီစိမ်း၊ ဘိုကိတ်၊ ပဲလွန်း၊ ပဲပုတ်၊ ထောပတ်ပဲ၊ ပဲရာဇာ) စုစုပေါင်း(၄၃၃၀)ဧက စိုက်ပျိုးရန်လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

ချောင်းဆုံ(ပြန်/ဆက်)