မင်းဘူးမြို့၌ ၂၀၂၃-၂၀၂၄ ခုနှစ် မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲများ ဖြေဆို

မင်းဘူး ဒီဇင်ဘာ ၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ၂၀၂၃-၂၀၂၄ ခုနှစ် မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲကို ယမန်နေ့နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ဖြေဆိုလျက်ရှိကြသည်။

ထိုကဲ့သို့ မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ ၃ ရက် ဖြေဆိုသွားမှာဖြစ်ပြီး၊ Grade 9၊ Grade 10၊ Grade 11နှင့် Grade 12 မှ ကျောင်းသား ၄၀ ဦး၊ ကျောင်းသူ ၄၁ ဦး စုစုပေါင်း ၈၁ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်သွယ်သွယ်ထံမှ သိရသည်။

ဇေယျာထက်(မင်းဘူး)