ကျောင်းကုန်းမြို့၌ လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ ကျင်းပ

ကျောင်းကုန်း ဒီဇင်ဘာ ၅

နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖြစ်သော ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ထူးချွန်ပြီး ကျန်းမာသန်စွမ်းကာ အကျင့်စာရိတ္တကောင်းမွန်သည့် ကျောင်းသား လူငယ်များအဖြစ် လေ့ကျင့်ပျိုးထောင်ရန် ရည်ရွယ်ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် လူရည်ချွန်စီမံကိန်းများ ဆောင်ရွက်ရန် လူရည်ချွန်စိစစ်ရွေးချယ်ပွဲကို ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လူရည်ချွန်စိစစ်ရွေးချယ်ပွဲသို့ ကျုံပျော်ခရိုင် ပညာရေးမှူး ဦးကျော်ဇင်သန်း၊ မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်မြင့်တို့ ကြီးကြပ်လျက် Grade-9 တွင် ကျား (၁၁)၊ မ (၁၂)၊ ပေါင်း (၂၃)ဦး တို့အား ဖြေဆိုချိန် (၁း၃၀) သတ်မှတ်ထားပြီး၊ Grade-10 တွင် ကျား(၉)၊ မ(၁၁)၊ ပေါင်း (၂၀)ဦးနှင့် Grade 11 တွင် ကျား (၉)၊ မ (၁၀)၊ ပေါင်း(၁၉)ဦး၊ Grade-12 တွင် ကျား (၅)၊ မ (၅)၊ ပေါင်း (၁၀)ဦးတို့သည် ဖြေဆိုချိန်(၂)နာရီ သတ်မှတ်ပေးထားကြောင်း မြန်မာစာနှင့် အင်္ဂလိပ်စာဘာသာ ဖြေဆိုကြမည်ဖြစ်သည်။ ဒီဇင်ဘာလ (၆)ရက်နေ့တွင် အထွေထွေ ဗဟုသုတအား (နှုတ်ဖြေ)ကျင်းပမည်ဖြစ်ပြီး၊ ဒီဇင်ဘာလ (၈)ရက်နေ့တွင် ကိုယ်ကာယ ကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို ဆက်လက်ကျင်းပ ပြုလုပ် စိစစ်ရွေးချယ်သွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)