ကျွန်းလှမြို့နယ်၌ မိုးစပါး စံကွက်ရိတ်သိမ်းပွဲ ကျင်းပ

ကျွန်းလှ ဒီဇင်ဘာ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ မကျည်းအင်းကျေးရွာ ကွင်းအမှတ် ၂၉၄၊ တောင်သူ ဒေါ်လှမြိုင်၏ ဧရာမင်း မိုးစပါး () ဧက၌ ယနေနံနက် ၈ နာရီက စံကွက်ရိတ်သိမ်းပွဲ ကျင်းပကြောင်း သိရသည်။

ထိုသို့ ၆ ဒသမ ၆ ပေ ပတ်လည်ကို သုံးနေရာ စံကွက်ရိတ်သိမ်းကြရာ ပျှမ်းမျှအစိုထွက် ၁၀၆ ဒသမ ၈၂ တင်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ မိုးစပါး စံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်အတီဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီနှင့် ဝန်ထမ်းများ ဒေသခံတောင်သူများ တက်ရောက်ကြကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးစပါး ၃၄၀၉၇ ဧကစိုက်ပျိုးခဲ့‌ပြီး ဒေသနှင့် ကိုက်ညီသည့် ဧရာမင်း၊ မနောသုခ၊ ဆင်းသုခ၊ ချမ်းမြေ့မေ စပါးမျိုးများ စိုက်ပျိုးကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို ကျွန်းလှ