သာယာဝတီ ဒီဇင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် လူမှုဝန်ထမ်းဦးစီဌာနမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုသင်တန်းကို ယနေ့နံနက် ၁၀ နာရီက စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန့်ဇင်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး လူမှုဝန်ထမ်းဦးစီဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သီသီထွန်းက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးလှုပ်ရှားမှုနှင့် ပတ်သက်၍ ရည်ရွယ်ချက်၊ အကြမ်းဖက်မှုဖြစ်ပေါ်ရသည့် အကြောင်းရင်းများ၊ အကြမ်းဖက်ခံရသူများအား လူမှုဝန်ထမ်းဦးစီဌာနမှ ကူညီဆောင်ရွက်ပေးမှု အစီအစဉ်များနှင့် လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးမှုများအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ ခရိုင်အမျိုးသမီးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း စုစုပေါင်းအင်အား(၇၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်ဆက်)