ဆင်ပေါင်ဝဲမြို့၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၅

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ (၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနိုင်လင်းက (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ပြန်/ဆက်ဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်စေရန်၊ ဗလငါးတန်နှင့်ပြည့်ဝပြီး မိမိကိုယ်ကိုယုံကြည်မှုရှိ​​သော ကျောင်းသားလူငယ်များအား ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးဦးစည်သူလွင်က ပြိုင်​ပွဲစည်းမျဥ်းစည်းကမ်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့​ပြီး ပြိုင်ပွဲတွင် ကျောင်းသား/သူများက “အမျိုးသားနေ့ တို့မမေ့”စာစီစာကုံးဖြင့် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုများရရှိသော ကျောင်းသား/သူများကို တာဝန်ရှိသူများမှ အသီးသီး ဆုများပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)