ငွေဆောင်မြို့တွင် ဌာနဆိုင်ရာ အကြီးအကဲများ လစဥ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ငွေဆောင် ဒီဇင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် လစဥ်ပုံမှန်ဆောင်ရွက်လျက်ရှိသည့် မြို့ဌာနဆိုင်ရာအကြီးအကဲများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက် ၁၀ နာရီ က ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးတွင် မြို့အုပ်ချုပ်ရေးမှူးဦးသိန်းဇော်မှ အဖွင့်အမှာစကားပြောကြားပြီး ဌာနဆိုင်ရာအကြီးအကဲများအား မိမိတို့၏ဌာနအလိုက် လစဥ်ပုံမှန်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ငွေဆောင်မြို့အတွင်း ပေါင်းစပ်လုပ်ကိုင်ရမည့် ဒေသဖွံဖြိုးရေးလုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး လုံခြုံရေးအထူးဂရုစိုက်ကြရန်၊ မြို့သန့်ရှင်းသာယာလှပစေရေး ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများမှလည်း သက်ဆိုင်ရာဌာနအလိုက် ပုံမှန်လုပ်ဆောင်မှုများနှင့် လက်ရှိဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြခဲ့ရာ မြို့အုပ်ချုပ်ရေးမှူးဦးသိန်းဇော်မှ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ပေးခဲ့သည်။

အဆိုပါလစဥ် ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့အုပ်ချုပ်ရေးမှူးဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

R – 014(ငွေဆောင်)