ဖျာပုံမြို့ မြို့မစျေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေး မီးငြိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်

ဖျာပုံ ဒီဇင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြိုနယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း ပြုလုပ်သည့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက လျှင်မြန်တုံ့ပြန် မီးငြိမ်းသတ်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မီးငြိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်ခြင်းကို မြို့မစျေးကြီးအတွင်းနှင့် မြို့ရေပေးဝေရေးရုံးရှေ့တို့တွင် ယမန်နေ့ နေ့လယ်ပိုင်းအချိန်က အဆိုပါနေရာများတွင် ဆောင်ရွက်သည်။

အဆိုပါ မီးငြိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်ရာတွင် ဖျာပုံမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတိုးမြင့်အောင်၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်း၊မြို့နယ်မီးသတ် ဦးစီးဌာန၊မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးသက်နိုင်ဝင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မစျေးကြီး စျေးကော်မတီဝင်များနှင့်စျေးသူ စျေးသားများ၊မြို့နယ်ရေပေးဝေရေးအဖွဲ့ မှတာဝန်ရှိသူများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်​ထောက်မီးသတ်ဦးစီးမှူး ဦးသက်လွင်က မီးသတ်ဆေးဗူးကို အသုံးပြု၍ မီးငြိမ်းသတ်နည်း၊ ဆီမီးလောင်မှုကို ဖုံးအုပ်ငြိမ်းသတ်နည်း၊ဂက်စ်မီးလောင်မှုကို ငြိမ်းသတ်နည်အစရှိသည်တို့အား မြို့မစျေးကြီးနှင့်မြို့ရေပေးဝေရေးရုံးရှေ့တို့တွင် မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့မီးဘေးသရုပ်ပြလေ့ကျင့်ခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်

ဖျာပုံခရိုင် (ပြန်/ဆက်)