တံတားဦး ဒီဇင်ဘာ ၅
၂၀၂၃-ခုနှစ် ဒီဇင်ဘာလ (၇)ရက်နေ့တွင် ကျရောက်မည့် (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဟော ပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က နေ့ထူးနေ့မြတ်ဖြစ်သော အမျိုးသားအောင်ပွဲနေ့ကို ကျောင်းသား၊ကျောင်းသူများ သိရှိနိုင်ရေး၊ တန်ဖိုးထားတက်စေရန်နှင့် အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ၊ အမျိုးသားပညာရေးအကြောင်း အတုယူရမည့် အမျိုးသားရေးစိတ်ဓာတ်ကိုလည်းကောင်း၊ စာရေးဆရာ ကိုရင်ထွန်းလွင် (သမန်းကန်)က (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ အမျိုးသားရေးစိတ်ဓာတ်နှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ နိုင်ငံ တော်ကို အကျိုးပြုမည့် ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်းလာရေး၊ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံအကြောင်းသိကောင်းစရာများ၊ မျိုးချစ်စိတ်ဓာတ် နိုးကြားထက်သန်ရေးအကြောင်းတို့ကို အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ အခြေခံပညာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများတက်ရောက်ကြပြီး ကျောင်းသား၊ ကျောင်းသူများက အမျိုးသားအောင်ပွဲနေ့အကြောင်းကို အပြန်အလှန်ဆွေးနွေးခဲ့ကြရာ၊ မြို့နယ်ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ရဲတင့်(ပြန်/ဆက်)