ကျောက်တံခါးမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် Mobile Libraryစနစ်ဖြင့် စာငှားဝန်ဆောင်မှု ကွင်းဆင်းဆောင်ရွက်

ကျောက်တံခါး ဒီဇင်ဘာ ၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံပညာမူလတန်း(လွန်) (ဂနက်)ကျောင်းတွင် ယနေ့နံနက် (၉) နာရီအချိန်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် Mobile Library စနစ်ဖြင့် စာငှားဝန်ဆောင်မှု ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်လဲ့လဲ့ဝင်းက ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန်၊ အကျင့်စာရိတ္တ ကောင်းမွန်စေရန်၊ ရည်မှန်းချက်များ ထားရှိတတ်ကြစေရန်၊ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစားများ ပြုလုပ်ဆောင်ရွက်နိုင်စေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်၊ မူးယစ်ဆေးဝါးအန္တရာယ်ကိုသိရှိပြီး ရှောင်ကျဉ်ကြရန်အတွက် ယခုလို ဟောပွဲလာရောက်ဆောင်ရွက်ခြင်းဖြစ်၍ စိတ်ပါဝင်စားစွာ နားထောင်မှတ်သားကြရန်  အမှာစကားပြောကြားခဲ့သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန်းတင့်က အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်၊ မူးယစ်ဆေးဝါးအမျိုးအစား၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများအကြောင်းကို ဟောပြောခဲ့သည်။

ထို့နောက် မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုအန္တရာယ်အကြောင်း၊ လူကုန်ကူးမှုအန္တရာယ်အကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေးတို့ကို ပြသထားသည့် နံရံစာစောင်ကို ကြည့်ရှုလေ့လာကြပြီး Mobile Libraryစနစ်ဖြင့် စာငှားဝန်ဆောင်မှု ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)