မန္တလေးမြို့၌ ၂၀၂၃ခုနှစ် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ကဗျာရွတ်ဆို ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

မန္တလေး ဒီဇင်ဘာ ၅

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ လူထုအခြေပြုဗဟိုဌာန၌ ၂ဝ၂၃ ခုနှစ် (၁ဝ၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အကြိုအဖြစ်ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၊ သင်တန်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာမူလတန်း‌ကျောင်း အမှတ်(၂၀)တို့ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။ ကဗျာရွတ်ဆိုင်ပြိုင်ပွဲ မကျင်းပမီ ရှေးဦးစွာ (၁ဝ၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပမှုအခြေအနေနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ အမှတ်ပေးစည်းမျဉ်းများ အကြောင်းကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ရှင်းလင်းပြောကြား သည်။ ထို့နောက် ပြိုင်ပွဲ ကို ဆက်လက်ကျင်းပပြုလုပ်ရာ အခြေခံပညာမူလတန်း‌ကျောင်းအမှတ်(၂၀)မှကျောင်းသူ ကျောင်းသားပြိုင်ပွဲဝင် (၁၂) ဦးက (၁ဝ၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ကဗျာများ၊ စာဖတ်စွမ်းရည်ဖတ်ရှု့ခြင်းဖြင့် ပါဝင်ရွတ်ဆိုယှဉ်ပြိုင်ကြသည်။ ထို့နောက် ဆုရှိသူများအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြာရေးမှူး ဒေါ်မြင့်မြင့်သန်းနှင့် တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)