ငါးသိုင်းချောင်း မြို့တွင် ကလေးအသက် (၂) လမှ (၁) နှစ်ခွဲအထိ ပုံမှန်ကလေးကာကွယ်ဆေးထိုးလုပ်ငန်းဆောင်ရွက်

ငါးသိုင်းချောင်း ဒီဇင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် အသက် (၂) လမှ (၁) နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကလေးကာကွယ်ဆေးထိုးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က စတင်ထိုးနှံပေးခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက အသက် (၂) လမှ (၁) နှစ်ခွဲအထိ ကလေးငယ်များအား ဘီစီဂျီ၊ ပိုလီယို၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊(ဘီ)-ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး) အစရှိသည်တို့ကို ပုံမှန် ဆေးတိုက်၊ ဆေးထိုးခြင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ငါးသိုင်းချောင်းမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းကို သတ်မှတ်ထားသည့် စုရပ်များအလိုက် လစဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ငါးသိုင်းချောင်း (ပြန်/ဆက်)