ဘားအံ ဒီဇင်ဘာ ၅
ကရင်ပြည်နယ်၊ ဘားအံမြို့၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ပြည်နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများကို ယမန်နေ့နံနက်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို ဘားအံမြို့နယ်၊ လှိုင်းဘွဲမြို့နယ်၊ ဖာပွန်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်များမှ အထက်တန်း/အလယ်တန်းအဆင့် စာစီ စာကုံးပြိုင်ပွဲတွင်ကျောင်းသား/ကျောင်းသူ (၂၆)ဦး၊ ကဗျာ ပြိုင်ပွဲတွင် (၂၂)ဦး၊ ပန်းချီပြိုင်ပွဲတွင် (၃၇)ဦး စုစုပေါင်း (၈၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် ဆုရရှိသူများကို ဒီဇင်ဘာလ(၇)ရက်နေ့တွင် ကျရောက်မည့် (၁၀၃)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားတွင် ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။
ခရိုင်(ပြန်/ဆက်)