ကျိုက်မရော ဒီဇင်ဘာ ၅
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်အတွက် မြို့နယ်အဆင့် လူရည်ချွန် ရွေးချယ်ရေးစာမေးပွဲ ပထမနေ့အဖြစ် မြန်မာစာနှင့်အင်္ဂလိပ်စာဘာသာရပ် ပထမနေ့ဖြေဆိုခြင်းကို ယနေ့နံနက် ၉ နာရီက အ.ထ.က ကျိုက်မရောကျောင်း၌ ကျင်းပပြုလုပ်သည်။
အဆိုပါ မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲကို အခြေခံပညာအထက်တန်းနှင့် အလယ်တန်းကျောင်းများမှ Grade-9၊ Grade-10၊ Grade-11နှင့် Grade-12 တန်းမှ ကျောင်းသား၊ ကျောင်းသူ (၄၈) ဦးတို့ ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ဒီဇင်ဘာ ၆ရက်နေ့တွင် သင်္ချာဘာသာနှင့် အထွေထွေဗဟုသုတဘာသာရပ်များကို ဖြေဆိုသွားရမည်ဖြစ်ပြီး ဒီဇင်ဘာ ၈ ရက်နေ့တွင် ကိုယ်ကာယာကြံ့ခိုင်မှုအားကစားနည်း ၅ မျိုးကို လက်တွေ့ပြုလုပ်ဖြေဆိုကြရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မိချို (ပြန်/ဆက်)