ရွှေတောင်မြို့နယ်တွင် မြို့နယ်အဆင့် လူရည်ချွန်စိစစ်ရွေးချယ်ရေးစာမေးပွဲ ကျင်းပ

ရွှေတောင် ဒီဇင်ဘာ ၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အ.ထ.က(ရွှေတောင်)ကျောင်းတွင် ယနေ့နံနက်ပိုင်းက မြို့နယ်အဆင့် လူရည်ချွန်စိစစ်ရွေးချယ်ရေးစာမေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ မြို့နယ်အဆင့် လူရည်ချွန်စိစစ်ရွေးချယ်ရေးစာမေးပွဲကျင်းပရာတွင် ရွှေတောင်မြို့နယ်အတွင်းရှိ အထက်တန်းကျောင်းများမှ Grade -9 မှ Grade -12 အထိ ကျောင်းသား  (၂၈) ဦး ကျောင်းသူ (၂၉) ဦး စုစုပေါင်း (၅၇) ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ဒီဇင်ဘာ ၅ ရက်နေ့နှင့် ၆ ရက်နေ့များတွင် စာတွေ့လက်တွေ့ဆန်းစစ်ပြီး ဒီဇင်ဘာ ၈ ရက်နေ့တွင် ကိုယ်လက်ကြံ့ခိုင်ကျန်းမာရေးစွမ်းရည် ဆန်းစစ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကိုကိုမင်း (ပြန် /ဆက်)