နတ်တလင်း ဒီဇင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ စာအုပ်ပြပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့လယ် ၁နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဒေါ်လဲ့ဝါမြင့်မှ အဖွင့်အမှာစကားပြောကြားပြီး Book Clubအဖွဲ့ဥက္ကဋ္ဌ ဆရာဦးသန်းအောင်မှ အမျိုးသားအောင်ပွဲနေ့ စတင်ပေါ်ပေါက်လာပုံ၊ အမျိုးသားအောင်ပွဲနေ့ဦးတည်ချက်များ၊ အမျိုးသားရေးတာဝန်များနှင့် အမျိုးသားရေးစိတ်ဓာတ်အမွေကို ဆက်လက်ခံယူနိုင်စေရန် ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်သူများမှ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်၊ မြို့နယ်အတွင်းလှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများ၊ ခင်းကျင်းပြသားထားသောစာအုပ်၊ စာစောင်များကိုကြည်ရှုလေ့လာခဲ့ကြပြီး မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ဝေယံဖြိုး (ပြန်ဆက်)