သာယာဝတီမြို့နယ်၌ (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ ကျင်းပ

သာယာဝတီ ဒီဇင်ဘာ  

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ (၂၀၂၃)ခုနှစ် ဒီဇင်ဘာ(၇)ရက်နေ့တွင်ကျရောက်မည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို ယနေ့ နေ့လယ် ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သာယာဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်စန္ဒာမိုးက (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံအကြောင်းအရာများကိုပြောကြားပြီး "အမျိုးသားအောင်ပွဲနေ့တည်တံ့ဖို့ ဒို့လူငယ်တွေကြိုးပမ်းစို့"ခေါင်းစဥ်ဖြင့် စာစီစာကုံးပြိုင်ပွဲကိုဆက်လက်ကျင်းပခဲ့ရာ အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးဖြေဆိုသူ(၂၀)ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့​သည်။

အဆိုပါပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်စန္ဒာမိုးနှင့်တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

သန့်ဇော်(ပြန်/ဆက်)