မိုးညိုမြို့နယ်တွင် အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းအမှတ်စဉ်(၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနားပြုလုပ်

မိုးညို ဒီဇင်ဘာ ၄

အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းအမှတ်စဉ် (၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်ရှိ မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့‌ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးဝင်းက အရန်မီးသတ်တပ်ဖွဲ့ဝင်များအား မီးငြှိမ်းသတ်ရေးစွမ်းဆောင်ရည်ပိုမိုတိုးတက်မြင့်မားလာစေရန်၊ ခေတ်မီအဆင့်မြင့်မီးငြှိမ်းသတ်ရေးပစ္စည်းကရိယာများကို ကျွမ်းကျင်ပိုင်နိုင်စွာစနစ်တကျကိုင်တွယ်ထိန်းသိမ်းအသုံးပြုတတ်စေရန်အတွက် အဆင့်မြင့်မီးငြှိမ်းသတ်ရေးနည်းစနစ်များကို သင်တန်းနည်းပြများက လက်တွေ့လေ့ကျင့်သင်ကြားပေးမှာခြင်းဖြစ်ကြောင်း၊ မီး‌ဘေးအပါအဝင်အခြားသဘာဝ‌ဘေးများကြုံ‌တွေ့လာပါက ကူညီကယ်ဆယ်‌ရေးလုပ်ငန်းများတွင်လည်း တက်တက်ကြွကြွပူး‌ပေါင်းပါဝင်‌ဆောင်ရွက်သွားနိုင်‌ရေးတို့ကိုရည်ရွယ်၍ သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့‌နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးဝင်းနှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ဇင်ဦးတို့က အရန်မီးသတ်တပ်ဖွဲ့ဝင်များ(ကိုယ်စား) အရန်မီးသတ်ဒုတပ်ခွဲမှူးဦးဝင်းနိုင်နှင့်တာဝန်ရှိသူများအား တူညီဝတ်စုံ(၅၀)ခုအားပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းဖွင့်ပွဲသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဖိတ်ကြားထားသောဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ပြီး သင်တန်းကို ဒီဇင်ဘာလ(၄)ရက်နေ့မှ (၂၉)ရက်နေ့ထိ သင်တန်းသား(၅၀)ဦးအား လက်နက်မဲ့စစ်ရေးပြ၊ မီးသတ်ပညာရပ်ဆိုင်ရာကိစ္စများ၊ ရှာဖွေကယ်ဆယ်ရေးပညာရပ်ဆိုင်ရာကိစ္စများ၊ ပြန်လည်လေ့ကျင့်ခြင်းနှင့်ဆွေးနွေးခြင်း ဘာသာရပ်များအား သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)