ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းနေအရွယ်ကလေးများနှင့် ဒေသခံပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် အသိပညာပေးနံရံကပ်စာစောင်များကို လစဉ်အသစ်လဲလှယ် ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၁ နာရီ အချိန်က (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်နှင့် စိုက်ပျိုးရေးကျန်းမာရေးဆိုင်ရာ သိကောင်းစရာများ အသိပညာပေးပိုစတာများအား ရုံးရှေ့မြေစိုက်ဘုတ်တွင် ပြသဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေး နံရံကပ်စာစောင်တွင် အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ အမျိုးသားပညာရေး၊ အမျိုးသားနေ့တို့မမေ့၊ ငြိမ်းချမ်းမှု၊ လွတ်လပ်မှု၊ ကြီးပွားမှု၊ အမျိုးသားနေ့ပြဌာန်း သတ်မှတ်ခြင်း၊ ဗြိတိသျှတို့ပြဌာန်းသော ကျွန်ပညာရေးဥပဒေနှင့် စိုက်ပျိုးရေး ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများ အသိပညာပေးပိုစတာများကို ပြသဆောင်ရွက်ထားရှိခဲ့ရာ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများက စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)