ငဖဲ ဒီဇင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းနေအရွယ်ကလေးများနှင့် ဒေသခံပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ အသိပညာပေးအကြောင်းအရာများကို နံရံကပ်စာစောင်ပြုလုပ်ပြီး လစဉ်ပုံမှန် လဲလှယ်ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ရုံးရှေ့ မြေစိုက်ဘုတ်တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်ကို ပြသဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါအသိပညာပေးနံရံကပ်စာစောင်တွင် အမျိုးသားအောင်ပွဲနေ့သမိုင်းကြောင်း၊ ၂၀၂၃ခုနှစ်၊ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဦးတည်ချက် (၄) ရပ်၊ အမျိုးသားနေ့ပြဌာန်းသတ်မှတ်ခြင်း၊ အမျိုးသားပညာရေး၊ ဗြိတိသျှအစိုးရပြဌာန်းသော အက်ဉပဒေအချက်များ၊ အမျိုးသားရေးတာဝန် (ကဗျာ)၊ ရန်ကုန်ယူနီဗာစီတီအက်ဉပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁) ဦး၊ မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေးဆိုင်ရာ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်များ၊ အမျိုးသားနေ့ သရုပ်ဖော်ပန်းချီ၊ ဓါတ်ပုံ၊ ရုပ်ပြများနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများကို ပြသထားရှိရာ ပြည်သူများနှင့် ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။
မယု(ငဖဲ)