နတ်မောက်မြို့အတွင်းရှိ ကျေးလက်ဒေသများတွင် တစ်နိုင်တစ်ပိုင် ဆောင်းသီးနှံဖရုံများ စတင်စိုက်ပျိုး

နတ်မောက် ဒီဇင်ဘာ ၄

မကွေးတိုင်းဒေသကြိး နတ်မောက်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသရှိ တောင်သူများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိသည့် ဆောင်းသီးနှံများဖြစ်သည့် ကြက်သွန်၊ ငရုတ်၊ ခရမ်း၊ ခရမ်းချဉ်၊ ဆလတ်၊ တိုင်ထောင်ပဲ၊ ဘူး၊ မုံလာဥဖြူ၊ မုံညင်းတို့ဖြစ်ပြီး ဖရုံများကိုလည်း အောက်တိုဘာလဆန်းပိုင်းမှစတင်၍ ဖရုံများ စတင်စိုက်ပျိုးနေပြီဖြစ်ကြောင်း  စိုက်ပျိုးသူ မနွဲ့ထံက သိရသည်။

ဖရံများကို ရွှေဖရုံ၊ ပစ်တိုင်းထောင်၊ တစ်ဆစ်တစ်လုံး၊ ကျောက်မဲမျိုးစသည့်ဖြင့် အမျိုးမျိုးရှိသည့်အနက် တောင်သူအများစု စိုက်ပျိုးကြသည့်မှာ ပစ်တိုင်းထောင်နှင့် တစ်ဆစ်တစ်လုံးမျိုးများကိုသာ စိုက်ပျိုးကြကြောင်း၊ ဖရုံမျိုးကို စိုက်ပျိုးရေးဆိုင်များမှ ဝယ်ယူ၍ မိမိ၏ ဥယာဉ်ခြံမြေများတွင် မြေပြုပြင်ပြီး ထယ်ရေး၌ ကျင်းဖွဲ့စိုက်ပျိုးကြကြောင်း၊ ကျင်းထဲတွင် ဖရုံစေ့နှင့်အတူ သဘာဝမြေဆွေးများဖြစ်သည့် နွားချေးများ ထည့်ရကြောင်း အပင်သက်တမ်း (၄၅)ရက်သားတွင် အပွင့်အသီးများ စတင် သီးပွင့်ကြောင်း၊ အပင်သန်မာမှုပေါ် မူတည်၍ မြေဩဇာကျွေးရကြောင်း ဖရုံစိုက်ပျိုးသူ မမီးမီးက ပြောကြား၍ သိရှိရသည်။

မူမူစန်း