ဓနုဖြူမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းသီးနှံ(နေကြာ)သီးသန့်စံပြကွက် စိုက်ပျိုးပွဲကျင်းပ

ဓနုဖြူ ဒီဇင်ဘာ  

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းသီးနှံ(နေကြာ)သီးသန့်စံပြကွက် စိုက်ပျိုးပွဲကို ရေကြည်ကျေးရွာအုပ်စု၊ ကွင်း/ဦးပိုင်အမှတ် ၁၉၆/N ၃၀၊ တောင်သူဦးကျော်ဝင်းစိန်၏ လယ်မြေပေါ်တွင် ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။    

အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးချစ်ဝင်းနိုင်က နေကြာစိုက်ပျိုးမှုနည်းစနစ်များနှင့် သတ်မှတ်ဧကပြည့်မီအောင်စိုက်ပျိုးကြရန် ရှင်လင်းပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်မှ လိုအပ်သည်များအားဖြည့်စွက်ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများစုပေါင်း၍ SUPER SUN 41 (စူပါဆန်း ၄၁)နေကြာမျိုးအား စိုက်ဧက(၅)ဧက စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။     

အဆိုပါဆောင်းသီးနှံ(နေကြာ)သီးသန့်စံပြကွက် စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးဟိန်းထက်ဇော်၊ အဖွဲ့ဝင်(၂)ဦးစိန်မောင်ဝင်း၊ အတွင်းရေးမှူး ရဲမှူးအောင်နိုင်ဝင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးချစ်ဝင်းနိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)