ကျောက်တန်း ဒီဇင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ၁၀၃ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ ပြိုင်ပွဲများကို ကျောက်တန်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၊ မြိုင်သာယာကျောင်းနှင့် မြို့မအခြေခံပညာအလယ်တန်းကျောင်းများ၌ ၁-၁၂-၂၀၂၃ ရက်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲများတွင် ကျောင်းသား/ကျောင်းသူများအနေဖြင့် အမျိုးသားနေ့နှင့် ပတ်သတ်ပြီး အသိတရားများ သိရှိစေပြီး၊ ကျောင်းသား/ကျောင်းသူ ၆၀ ဦး ပါ၀င်ယှဥ်ပြိုင်ခဲ့ကြောင်း သတင်းရသည်။
မြို့နယ်(ပြန်/ဆက်)