ငါန်းဇွန် ဒီဇင်ဘာ ၃
ကျောင်းနေဘဝကို ပိုမိုနှစ်သက်ပျော်ရွှင်ပြီး ကလေးများကျောင်းနေမြဲရန်နှင့် ကျောင်းပြင်ပရောက်ကလေးများ ကျောင်းသို့ပြန်လည်ရောက်ရှိလာစေရန်၊ ၂၁ ရာစုလူငယ် (ဆယ်ကျော်သက်)များအတွက် အရေးပါသည့်ကောင်းမွန်သောဘဝနေထိုင်မှုဆိုင်ရာအသိပညာများ၊ ကျွမ်းကျင်မှုများနှင့် စိတ်နေသဘောထားများဖွံ့ဖြိုးလာစေရန်နှင့် နိုင်ငံ့သားကောင်းများ၊ ကမ္ဘာ့နိုင်ငံသားကောင်းများဖြစ်လာစေရန်၊ အသင်းအဖွဲ့လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် အများနှင့်ပူးပေါင်းဆောင်ရွက်တတ်မှု၊ ဆက်သွယ်ပြောဆိုတတ်မှု၊ အပြန်အလှန်လေးစားမှု၊ ညှိနှိုင်းဆောင်ရွက်တတ်မှုစသည့် ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ကျွမ်းကျင်မှုများ ဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် ငါန်းဇွန်မြို့အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက ကျောင်းသားများပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန် အစပျိုးလှုပ်ရှားမှုများ အကောင်အထည်ဖော်ဆောင်ရွက်ရေး(Students Participation Initiative – SPI) မြို့နယ်အဆင့်ဆွေးနွေးပွဲ စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူးဒေါ်ထွဋ်ခိုင်ခိုင်ဝင်း၏ကြီးကြပ်မှုဖြင့် ငါန်းဇွန်အ.ထ.က ကျောင်းအုပ်ဆရာ ဦးအောင်မျိုးဦးနှင့် မင်းနေကုန်းအ.ထ.က(ခွဲ)ကျောင်းအုပ်ဆရာမ ဒေါ်ခင်မျိုးတို့က ဦးဆောင်ဆွေးနွေးပြီး မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ (အ.ထ.က၊ အ.ထ.က(ခွဲ)၊ အ.လ.က၊ အ.လ.က(ခွဲ)၊ မူလွန်)ကျောင်းအုပ်(၅၆)ဦး တက်ရောက်ကြကြောင်းနှင့် အဆိုပါဆွေးနွေးပွဲကို ဒီဇင်ဘာ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ပြုလုပ်သွားမည်ဖြစ်ပြီး သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)