ကျိန္တလီ ဒီဇင်ဘာ ၃
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် (၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့ နံနက် (၉)နာရီမှ ညနေ(၃)နာရီ အချိန်ထိ ပြည်သူ့ဆေးရုံတွင် စတင်ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများက ကျိန္တလီမြို့ပေါ်ရှိ ရပ်ကွက် (၃) ရပ်ကွက်ရှိ (၂)နှစ်အောက်ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးများဖြစ်သော ဘီစီဂျီ၊ ပိုလီယို အကြောသေ၊ ဝက်သက်-ဂျိုက်သိုး၊ (ဆုံစို့နာ၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီ)ပိုး၊ ဦးနှောက်အမြှေးရောင်) (၅)မျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုပ်ရောင် (ပီစီဗီ)တို့ကို ထိုးနှံပေးလျက်ရှိပြီး ပြင်းထန်ဝမ်းပျက်ဝမ်းလျှော မဖြစ်စေရန် (Rota)ကာကွယ်ဆေးရည်ကိုပါ တိုက်ကျွေးကြောင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များအား မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်း တို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇော်လင်း