ပုဗ္ဗသီရိမြို့နယ် သပြေကုန်းကျေးရွာအုပ်စု စက်စက်ယိုစံပြစိုက်ကွင်း၌ စိုက်ပျိုးရေး အသိပညာ ဆွေးနွေးပွဲ ပြုလုပ်

ပုဗ္ဗသီရိ ဒီဇင်ဘာ ၃

ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် သပြေကုန်းကျေးရွာအုပ်စု၊ စက်စက်ယိုကျေးရွာ စံပြစိုက်ကွင်းအတွင်း၌ Good Brother’s Co.Ltd မှ တာဝန်ရှိသူများက စိုက်ပျိုးရေး အသိပညာများ မျှဝေဖလှယ်ခြင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် Good Brother’s Co.Ltd မှ တာဝန်ရှိသူများက ပုဗ္ဗသီရိမြို့နယ် သပြေကုန်းကျေးရွာအုပ်စု၊ စက်စက်ယိုကျေးရွာ တောင်သူများနှင့် တွေ့ဆုံ၍ ဒေသတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ရေရှည်တည်တံ့ဆောင်ရွက်နိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်လာရေးအတွက် စိုက်ပျိုးရေးနည်းပညာ၊ အသိပညာများ မျှဝေဖလှယ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ စိုက်ပျိုးရေး အသိပညာပေးခြင်း အခမ်းအနားသို့ ကျေးရွာနေ ပြည်သူ ၈၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းသန်းနွယ်(ပြန်/ဆက်)