မိုင်းပျဉ်းမြို့၌ မြို့နယ်အဆင့် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကျင်းပ

မိုင်းပျဉ်း ဒီဇင်ဘာ ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်မြို့နယ်အဆင့် ကဗျာ၊ စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကို ယမန်နေ့မွန်းလွှဲ (၂) နာရီက မိုင်းပျဉ်းမြို့ အခြေခံပညာအထက်တန်ကျောင်းတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

အဆိုပါ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကို မိုင်းပျဉ်းမြို့နယ် ဒုမြို့နယ်ပညာရေးမှူး ဦးကျော်လွင်က ဦးစီးကျင်းပ၍ မိုင်းပျဉ်းမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ကြခြင်းဖြစ်ပြီး ကဗျာဝင်ရောက်ယှဉ်ပြိုင်သူ (၃၂)ဦး၊ စာစီစာကုံးဝင်ရောက်ယှဉ်ပြိုင်သူ (၂၁)ဦးနှင့် ပန်းချီဝင်ရောက်ယှဉ်ပြိုင်သူ(၂၉)ဦး၊  စုစုပေါင်း (၂၆) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နန်းသန္တာဦး