ကျား-မ အခြေပြု အကြမ်းဖက်မှုဆန့်ကျင်ရေး ၁၆ ရက်တာ လှုပ်ရှားမှုဆွေးနွေးပွဲ ပြုလုပ်

လဲချား ဒီဇင်ဘာ ၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင် လဲချားမြို့တွင် ကျား-မ အခြေပြုအကြမ်းဖက်မှု ဆန့်ကျင်ရေး ၁၆ ရက်တာ လှုပ်ရှားမှုဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့လယ်ဓမ္မာရုံ၌ လွိုင်ခမ်းအမျိုးသမီးများအဖွဲ့က ဆောင်ရွက်ခဲ့ပါသည်။

ဆွေးနွေးပွဲတွင် လွိုင်ခမ်းအမျိုးသမီးများအဖွဲ့မှ မန်နေဂျင်းဒါရိုက်တာ ဒေါ်နန်းသန်းသန်းညွန့်က အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပေါ် အကြမ်းဖက်မှုတွေကို တားဆီးဖို့ဖြစ်ကြောင်း၊ ၁၆ ရက်တာ လှုပ်ရှားမှုလို့ပြောလိုက်တာနဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပေါ် အကြမ်းဖက်မှုတွေကို ပပျောက်အောင်နိုင်ငံတိုင်းက ထိုနေ့ရက်တွေမှာ ဓါတ်ပုံပြပွဲများ၊ ပြည်သူလူထုတွေကို အသိပညာပေးပွဲများ၊ ဟောပြောပွဲများ၊ သရုပ်ပြပွဲများ စတဲ့လူပ်ရှားမှုအမျိုးမျိုးကို ပြုလုပ်လေ့ရှိကြ​ကြောင်း၊ အဲ့ဒီလှုပ်ရှားမှုကို နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ကျင်းပလေ့ရှိကြကြောင်း၊ ဒီလှုပ်ရှားမှုတွေကတစ်ဆင့် လူတိုင်းလူတိုင်း အကြမ်းဖက်မှုကိုသတိပြုမိလာပြီး အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပေါ် အကြမ်းဖက်မှုတွေကို တားဆီးဖို့တက်ကြွစွာပါဝင်လာနိုင်မှာဖြစ်ကြောင်း၊ အမျိုးသမီးများနဲ့ မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေးအတွက် နိုင်ငံသားတိုင်းမှာတာဝန်ရှိပြီး အကြမ်းဖက်မှုတွေကို တားဆီးဖို့ အချိန်နှင့်လိုအပ်ချက်များ ဖြည့်ဆည်းရင်းနှီးမြုပ်နှံကြပါစေကြောင်း ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲသို့တက်ရောက်ခဲ့သော လူငယ်များအား ဉာဏ်စမ်းမေးခွန်းများ ဖြေကြားစေခဲ့ပြီး အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)