တနင်္သာရီ ဒီဇင်ဘာ ၂
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် “လူတိုင်းသက်ရှည်ကျန်းမာဖို့ ပြည်သူ့ကျန်းမာရေးမြှင့်တင်စို့" ဆောင်ပုဒ်နှင့်အညီ မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေး ပညာ ရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ(၂၀၂၃) အထိမ်း အမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ကျင်းပပြုလုပ်ရာ ရပ်ကွက်အတွင်းမှ မိခင်နှင့်ကလေးသူငယ်များ၊ မိဘပြည်သူလူထုများ အင်အား(၇၅)ဦးခန့် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်ပြည်သူ့ဆေးရုံတာဝန်ခံဆရာဝန် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနွေးဟေမာသင်းက ကလေးသူငယ်များအား ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ပြည်သူလူထုအား ငှက်ဖျားရောဂါ၊ ဦးနှောက်အမှေးရောင်ရောဂါ၊ ဝမ်းပျက်ဝမ်းလျောရော ဂါအကြောင်းအရာများနှင့် ကာကွယ်ဆေးအကြောင်းအရာများနှင့် ပတ်သက်၍ အသိပညာပေးဟောပြောပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ခံဆရာဝန်နှင့်ဆရာမများက အခမ်းအနားသို့ တက်ရောက်လာသည့် ကလေးမိခင်များအား ဆေးစိမ်ခြင်ထောင်များကို ဖြန့်ဝေပေးကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
ထိန်ဝင်း (ပြန်ဆက်)