(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဟောပြောပွဲများ ကျင်းပဆောင်ရွက်

ဒဂုံ ဒီဇင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်းတွင် ယမန်​နေ့ ညနေ (၂း၀၀)အချိန်က (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြိုအထိမ်းအမှတ်အဖြစ် ကျောင်းသား၊ ကျောင်းသူ (၆၀)ဦးတို့အား  အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် ဒဂုံမြို့နယ်၊ အမှတ် (၃)အ​​​​​ခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ပြုံးပြုံးခင်က (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုအဖွင့်အမှာစကားပြောကြားခဲ့ပြီး  ဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မိုးမိုးခိုင်က အမျိုးသားနေ့ဖြစ်ပေါ်လာပုံအကြောင်းကို ဆွေးနွေးဟောပြောခဲ့ကြသည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အကြိုသတင်းစကားလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခြင်း၊ အသိပညာပေးနံရံကပ်စာစောင်များ ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိပါသည်။

မြို့နယ် (ပြန်/ဆက်)