ဘုတ်ပြင်းမြို့၌ မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃)အား ကြိုဆိုသောအားဖြင့် အသိပညာပေးဟောပြောပွဲနှင့် ကျောင်းကျန်းမာရေးစစ်ဆေးခြင်းဆောင်ရွက်

ဘုတ်ပြင်း ဒီဇင်ဘာ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေး ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃)အား ကြိုဆိုသောအားဖြင့် အသိပညာပေးဟောပြောပွဲနှင့် ကျောင်းကျန်းမာရေး စစ်ဆေးခြင်းကို ယမန်နေ့နံနက်က မူလွန်-‌အောင်မင်္ဂလာကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးစိုတင့်က အသိပညာပေးခြင်းနှင့်ပတ်သက်၍ ပြောကြားသည်။ ယင်းနောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သားဖွားဆရာမ ဒေါ်ယမင်းဆူးက ကျောင်းကျန်းမာရေး ဆိုင်ရာများကိုလည်ကောင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင် ဒေါ်ဝင်းမြတ်မိုးသူနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်အေးပိုတို့က တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ရာသီအလိုက် ဖြစ်ပွားတတ်သည့်ရောဂါဆိုင်ရာများကိုလည်ကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက ကူးစက်နိုင်သောရောဂါနှင့် မကူးစက်နိုင်သောရောဂါများ အကြောင်းကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။

ဟောပြောပွဲအပြီးတွင် ကျန်းမာရေးဝန်ထမ်းများက KG ကျောင်းသား/သူများအား BMI တိုင်းခြင်း အထွေထွေကျန်းမာရေးစစ်ဆေးခြင်း၊ သွားကျန်းမာရေးစစ်ဆေးခြင်း၊ မျက်စိကျန်းမာရေးစစ်ဆေးခြင်း၊ သံဓာတ်အားဆေးများတိုက်ကျွေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)