ကျောက်ပန်းတောင်း ဒီဇင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့်ပန်းချီဆွဲပြိုင်ပွဲကို၊ ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း စာသင်ဆောင်များတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲများကို မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရေးအတွက် အစပြုလှုပ်ရှားခဲ့ကြသည့် ကျောင်းသား ခေါင်းဆောင်များ၏ နိုင်ငံရေးကြိုးပမ်းမှုများကို ကျောင်းသားကလေးငယ်များ အောက်မေ့သတိတရရှိစေရန်နှင့် နိုင်ငံတော်၏အချုပ်အခြာအာဏာကို မြတ်နိုးတန်ဖိုးထား ထိန်းသိမ်းတက်စေရန် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်ကြောင်းသိရပြီး၊ ပြိုင်ပွဲများတွင် မြို့ပေါ်ရှိအခြေခံပညာကျောင်းအသီးသီးမှ ကျောင်းသား/သူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် (၇)ဦး၊ အထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် (၉)ဦး၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် (၁၉)ဦး၊ အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် (၁၃)ဦး၊ အထက်တန်းအဆင့်ပန်းချီပြိုင်ပွဲတွင် (၂)ဦး၊ အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင်(၂)ဦး စုစုပေါင်း ကျောင်းသား/သူ(၅၂)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)