သဖန်းပင်ဆိပ်ကျေးရွာတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်

အိမ်မဲ ဒီဇင်ဘာ ၁

ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် သဖန်းပင်ဆိပ်ကျေးရွာ ရွာဦး ဘုန်းကြီးကျောင်းတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ် သင်တန်းဖွင့်ပွဲကို ယနေ့နံနက် () နာရီတွင်ဆောင်ရွက်ခဲ့သည်။

အဆိုပါသင်တန်းတွင် အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီတာညိမ်းက အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အိမ်မဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစတင်မျိုးလွင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းကို သင်တန်းဆရာမ ဒေါ်နုနုရွှေနှင့် ဒေါ်ဇင်ညိုမြင့်တို့က တစ်လခွဲကြာ စာတွေ့လက်တွေ့သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသူ (၂၀)ဦး ရှိကြောင်း၊ အိမ်မဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများဖြစ်သော စက်ချုပ်သင်တန်းအပြင် အခြားသင်တန်းများကိုလည်း ဆက်လက် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)