သရက်ချောင်းမြို့နယ်တွင် မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေး ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ အထိမ်းအမှတ်အကြို အထူးကာကွယ်ဆေးထိုးလုပ်ငန်းနှင့် ကျန်းမာရေးစောင့်ရှောင်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

သရက်ချောင်း   ဒီဇင်ဘာ  

"လူတိုင်းသက်ရှည်ကျန်းမာဖို့ ပြည်သူ့ကျန်းမာရေးမြှင့်တင်စို့"ဆောင်ပုဒ်နှင့်အညီ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ အထိမ်းအမှတ်အကြို အထူးကာကွယ်ဆေးထိုးလုပ်ငန်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ယမန်နေ့က သရက်ချောင်းမြို့၊ မော်ရှည်ကုန်းရပ်ကွက်ရှိ မော်ရှည်ကုန်းဘုန်းတော်ကြီးကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦး ကြီးကြပ်ဦးဆောင်မှုဖြင့် ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများက မော်ရှည်ကုန်းဘုန်းတော်ကြီးကျောင်းရှိ ရဟန်း၊ သံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အသက်(၁၅)နှစ်အောက် ရှင်သာမဏများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အထူးကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်းနှင့် အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှုကို သရက်ချောင်းမြို့၊ မော်ရှည်ကုန်းဘုန်းတော်ကြီးကျောင်း ဆရာတော်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦးနှင့် မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ပြည့်ဝန်းနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)