ပေါင် ဒီဇင်ဘာ ၁
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀) နာရီက ပေါင်မြို့နယ် (အ-လ-က) ပုသိမ်ကွင်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လူငယ်စကားဝိုင်းတွင် (အ-လ-က) ပုသိမ်ကွင်း ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်စန္ဒာသိန်း က အဖွင့်အမှာစကားပြောကြားပြီး ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး က လူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွက်လာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်စကားဝိုင်းများ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည်များ တိုးတက်လာပြီး အသင်းအဖွဲ့များတွင် ပါဝင်လုပ်ဆောင်ဆွေးနွေးတတ်သည့် အလေ့အကျင့်များ၊ ကိုယ်ရည်ကိုယ်သွေးများနှင့် နှုတ်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် လူငယ်စကားဝိုင်းကိုကျင်းပရာ ပေါင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး က အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ပြီး (အလက)ပုသိမ်ကွင်းကျောင်း မှ Grade -9 ကျောင်းသား မောင်ရဲရင့်ဦး က လူငယ်နှင့် အားကစားခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade - 9 ကျောင်းသား မောင်ရဲရင့်ဦး က လူငယ်နှင့်နည်းပညာ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade – 9 ကျောင်းသူ မခိုင်သဇင်ကျော် က လူငယ်နှင့်ယဉ်ကျေးမှု ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade – 9 ကျောင်းသူ မနွယ်နွယ်လှိုင် က လူငယ်နှင့် လူမှုဆက်ဆံရေး၊ ပလပ်စတစ်ညစ်ညမ်းမှုနှင့် အဏ္ဏဝါခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade - 9 ကျောင်းသူ မသန္တာလင်း က လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ် အခြေခံကာ မိမိတို့သိရှိလိုသည့် မေးခွန်းများကို မေးမြန်းရာ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးနှင့် မြို့နယ်အားကစားမှူး ဒေါ်အေးသီတာအောင်တို့က ပြန်လည်ဖြေကြားပေးခဲ့သည်။
ယနေ့ကျင်းပသော လူငယ်စကားဝိုင်း သို့ (အ-လ-က) ပုသိမ်ကွင်း ကျောင်းမှ ဆရာ/ဆရာမများ အပါအဝင် ကျောင်းသား ကျောင်းသူ (၂၅၀) ဦး ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)