တိုက်ကြီးမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဆင်းပွဲ ကျင်းပ

တိုက်ကြီး      ဒီဇင်ဘာ     ၁

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)အမှတ်စဥ်(၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ကျော်စိုးက သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သင်တန်းသားများအား ပေးအပ်သည်။

တိုက်ကြီးမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်းကို နိုဝင်ဘာ ၆ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ အခြေခံလက်နက်မဲ့စစ်ရေးပြ၊ မီးသတ်ပညာ၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေးနှင့်မီးသတ်တပ်ဖွဲ့၏ ဥပဒေ၊ နည်းဥပဒေဘာသာရပ်များကို သင်တန်းသား ၅၀ ဦးအား စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်းသိရသည်။

စန်းကလျာခိုင် ( ပြန် / ဆက် )