မိုင်းခတ်မြို့နယ် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ မိုင်းခတ်မေတ္တာလူမှုကူညီရေးအသင်းသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးသုံးပစ္စည်းများ လာရောက်လှူဒါန်း

မိုင်းခတ် ဒီဇင်ဘာ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(MHAA)မှ မိုင်းခတ်မေတ္တာလူမှုကူညီရေးအသင်းသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးသုံးပစ္စည်းများ‌ ပေးအပ်လှူဒါန်းခြင်းကို ယနေ့မွန်းလွှဲပိုင်းက လူမှုကူညီရေး‌ရုံးရှေ့တွင်‌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးသုံးပစ္စည်းများတွင် Surgical gown (၃၇)ခု၊ Face Mask အခု(၂၀၀၀)၊ PPEဝတ်စုံ(၅၀)စုံ၊ သွေးတွင်းအောက်စီဂျင်တိုင်းစက်(၂)လုံးနှင့် လက်ထောက်ဒုတ်(၁)ချောင်းတို့ကို မိုင်းခတ်မြို့ မြန်မာနိုင်ငံကျန်းမာ‌ရေးမှူးအသင်းမှ ကျန်းမာရေးမှူး(HA)ဦးကျော်မျိုးထက်က ပေးအပ်လှူဒါန်းရာ မိုင်းခတ်မေတ္တာလူမှုကူညီရေးအသင်း ဥက္ကဌဦးစိုင်းအေးမောင်နှင့် အဖွဲ့ဝင်များက လက်ခံရယူပြီး အမှတ်(၁)ရပ်ကွက်ရှိ ဦးအေးမင်းအသက်(၇၈)နှစ်ထံသို့ လက်ထောက်ဒုတ်အား ဆက်လက်သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)