မင်္ဂလာဒုံ ဒီဇင်ဘာ ၁
မင်္ဂလာဒုံခရိုင်ယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့သည် ယနေ့နံနက် ၉ နာရီအချိန်က ရွှေပြည်သာမြို့နယ်ဗိုလ်ချုပ်လမ်းပေါ်ရှိ "ဆရာကျော်" ယာဉ်မောင်းသင်တန်းကျောင်းတွင် ယာဉ်အန္တရာယ်လမ်းအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။
"ဆရာကျော်" ယာဉ်မောင်းသင်တန်းကျောင်းတွင် သင်တန်းတက်ရောက်နေသည့် သင်တန်းသား/သူများသို့ မင်္ဂလာဒုံခရိုင်ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့ ဒုရဲမှူးဇော်ဇော်စိုးနှင့် တပ်ဖွဲ့ဝင်များက ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်မောင်းများသိရှိထားရမည့် ယာဉ်ဆိုင်ရာအခြေခံအချက်အလက်များအချက်ပြမီးဆိုင်ရာ သိကောင်းစရာများ၊ လမ်းပြအမှတ်အသားဆိုင်ရာ သိမှတ်စရာဂရုပြုဖွယ်ရာများ၊ ယာဥ်တိုက်မှုနှင့်ပတ်သတ်၍ဆောင်ရန်/ ရှောင်ရန်တို့ကိုဟောပြာခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကာ သင်တန်းသားအင်အား(၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ထို့နောက် သင်တန်းသူ/သင်တန်းသားများ၏မေးမြန်းမှုများကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ဌေးလင်း(မင်္ဂလာဒုံ)