မိုင်းယန်း ဒီဇင်ဘာ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်း(မိုင်းယန်း)တို့ ပူးပေါင်း၍ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာ ၁ ရက်မွန်းလွဲ ၂ နာရီက မွန်ကဲရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(မိုင်းယန်း) ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းရွဲန်မိုင်က ကျောင်းသား/ ကျောင်းသူများအား နေ့ထူးနေ့မြတ်များကို မမေ့အပ်ပဲ အစဉ်အမြဲ တန်ဖိုးထားသင့်ကြောင်းပြောကြားပြီး ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုအဖြစ် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို အကျယ်တဝင့်ရှင်းလင်းကာ အသိပညာပေး ဟောပြောသည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ကျောင်းသား/ ကျောင်းသူများအား ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံနှင့် အသိပညာဗဟုသုတများ ရရှိစေရန်အတွက် သုတ၊ ရသ စာအုပ်စာစောင်များကို ခင်းကျင်းပြသငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းထူး