မရမ်းကုန်းမြို့နယ် အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲကျင်းပ

မရမ်းကုန်း ဒီဇင်ဘာ ၁

ကျောင်းနေအရွယ်ကလေးများ စာပေဗဟုသုတရရှိစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်ရှိ အမှတ်(၁၄) အခြေခံပညာမူလတန်း‌ကျောင်းသို့ ယမန်နေ့နံနက် ၁၀ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန ဒုတိယဦးစီးမှူး ဒေါ်ယဥ်ယဥ်မော်က စာပေဖတ်ရှု့ခြင်းကြောင့် ရရှိလာသောအကျိုးကျေးဇူးများအကြောင်း၊ အမျိုးသားနေ့ဖြစ်ပေါ်လာပုံတို့ကို ကျောင်သား၊ ကျောင်းသူများအား ဆွေးနွေးဟောပြော၍ ပုံပြင်ပြောပြိုင်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဉာဏ်စမ်းပ‌ဟေဠိပြိုင်ပွဲများ ကျင်းပပေးခဲ့ပြီး ဆုရရှိသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်စာစောင်များ ကြည့်ရှုလေ့လာဖတ်ရှု့ခဲ့ကြကြောင်း သိရသည်။

ယဉ်မော် (ပြန်/ဆက်)